PAGE

Monday, January 30, 2012

Ubuntu ရဲ့ Bash Shell: “pwd” Command အကြောင်းသိကောင်းစရာများ…

pwd
  • ဒီ Command ကတော့ လက်ရှိအလုပ်လုပ်ဆောင်နေသော Directory ကို ထုတ်ပေးတာပါ။ “လက်ရှိအလုပ်လုပ်ဆောင်နေသော Directory” ဆိုတာကတော့ File System အတွင်းမှာ မိမိလက်ရှိ ရှိနေသောနေရာ(Location) ကိုခေါ်တာပါ။ တစ်ခုမှတ်ရမှာက “pwd” Command သည် Output ထုတ်ရာမှာ ပြည့်စုံသောလမ်းကြောင်း (Absolute Path)ကိုပေးစွမ်းပါတယ်။ တစ်နည်းအားဖြင့် လမ်းကြောင်း (Path) ဟာအမြဲတမ်း File System ၏ Root ရဲ့ လမ်းကြောင်းတစ်ခုလုံးကို ညွှန်ပြရန် “/” နဲ့စတင်လေ့ရှိပါတယ်။ အောက်ပါ ဥပမာအချို့ကိုလေ့လာကြည့်ပါ။
  • Home Directory (/home)ကိုသွားချင်တယ်ဆိုရင် ….
cd /home
pwd
/home
  • အခု File System အတွင်းမှ နောက် Directory တစ်ခုကို ဆက်သွားချင်တယ်ဆိုရင် ….
cd /var/log
pwd
/var/log
  • “cd” Command ကိုသုံးပြီး အပေါ် Directory တစ်ခုပြောင်း (change directory)ချင်တယ်ဆိုရင်..”cd” Command ၏နောက် Space တစ်ချက်နှင့် dot နှစ်ခု ထည့်ပေးပါ။
cd ..
pwd
/var


  • Options
-L logical position
-P physical position, avoid symlinks
  • Options” ကိုနားလည်ရန် ဒီရိုးရှင်းသော Exercise ကို စမ်းသပ်ကြည့်ပါ။ စတင်မယ်ဆိုရင် မိမိရဲ့ Home Directory ထဲမှာ “Test Directory” တစ်ခုကို ဖန်တီးရန် လိုအပ်ပါတယ်။ ဒါဆိုရင် ‘pwd” Command ကို “execute” လုပ်တဲ့အခါ မိမိဖန်တီးလိုက်သော နာမည်ဖြင့် Home Directory နဲ့ Test Directory ကိုတွေ့မြင်ရန်လိုအပ်ပါတယ်။
cd
mkdir test
cd test
pwd
/home/user_name/test
  • အခုဆိုရင် Directory အသစ်တစ်ခုအတွက် “symbolic link” တစ်ခုကိုဖန်တီးလိုက်ပါမယ်။ ပထမဆုံး “blue” လို့ခေါ်တဲ့ Directory နှင့်၊ နောက် ထို Directory ထဲမှာ “symbolic link” တစ်ခုကို ဖန်တီးလိုက်ပါ။ ဒါတွေအားလုံးသည် “Test Directory” ထဲမှာပဲလုပ်ဆောင်သင့်ပါတယ်။ အောက်ပါဥပမာမှာ “mike” ကိုသုံးပြထားပါတယ်။
mkdir blue
ln -s /home/mike/test/blue symlink
ls -l
drwxr-xr-x 2 mike mike 4096 Oct 15 04:03 blue
lrwxrwxrwx 1 mike mike 20 Oct 15 04:04 symlink -> /home/mike/test/blue
  •  ”blue” လို့ခေါ်သော Directory တစ်ခုနဲ့ “symlink” လို့ခေါ်သော Directory တစ်ခု ရရှိပြီဖြစ်ပါတယ်။ “ls” Command ကိုရိုက်လိုက်တဲ့အခါ “blue” Directory ကို list ထုတ်ပေးပါတယ်။ စာကြောင်းထဲက “d”သည် Directory ဖြစ်ကြောင်းပြပေးတယ်ဆိုတာကိုတော့ မှတ်သားစေချင်ပါတယ်။ အဲဒါကတော့ “file type” ပဲဖြစ်ပါတယ်။ “symbolic link” မှာ “l”က “link” ကိုရည်ညွှန်းတာပါ။ အခု “symbolink link” ထဲသို့ရွှေ့ပြောင်းခြင်းဖြင့် “pwd” Command အတွက် Option တွေကို စမ်းသပ်ကြည့်ပါမယ်။ ဒါကြောင့်အခုလုပ်ဆောင်နေတာတွေက “blue” ဆိုတဲ့ Directory ထဲသို့ ရွှေ့ပြောင်းနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် “symbolic link” ကိုသုံးပြီးလုပ်ဆောင်နေတာပါ။ မှတ်သားရမှာက “symbolic link” က Directory အတွက် “Shortcut” တစ်ခုနဲ့ တူပါတယ်။
cd symlink
pwd
/home/mike/test/symlink
pwd -L
/home/mike/test/symlink
pwd -P
/home/mike/test/blue
  • “Output” ကိုပြန်ကြည့်လိုက်မယ်ဆိုရင် …”blue” Directory ထဲသို့ ရွှေ့ပြောင်းရန် “symbolic link (shortcut)” နှင့် “pwd” commandကိုသုံးလိုက်တဲ့အခါ “Output”က ကျနော်တို့ အခု “symlink directory” ထဲမှာရှိနေတယ်ဆိုတာပြပါလိမ့်မယ်။ တကယ်တော့ Physically ဆိုရင်တော့မရှိပါဘူး။ “blue” Directory အတွက် link တစ်ခုသာဖြစ်ပါတယ်။ “-L” option ကိုသုံးလိုက်ရင် File System ထဲရှိ Logical Position ကိုပြပါတယ်။ ရလဒ်ကတော့အတူတူပါပဲ။ ဒါပေမယ့် “-P” option ကိုသုံးမယ်ဆိုရင် ကျနော်တို့ဟာ “blue” Directory ထဲမှာရှိတယ်ဆိုတဲ့ “physical location” ကိုတွေ့နိုင်ပါတယ်။
By: Ubuntu Myanmar Guide

No comments:

Post a Comment

မှတ်ချက်ပေးခြင်းခြင့်ကူညီပါ။